မိုင်းပန်မြို့နယ်၌ လူငယ်နှင့်စာဖတ်ခြင်း (Talk Show) ကျင်းပ

မိုင်းပန်မြို့နယ်၌ လူငယ်နှင့်စာဖတ်ခြင်း (Talk Show) ကျင်းပ မိုင်းပန် နိုဝင်ဘာ ၂၀ မြို့နယ်(ပြန်/ဆက်)

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ်လူငယ် ကျောင်းသား/ကျောင်းသူများ ယဉ်ကျေးလိမ္မာသည့် လူငယ်လူရွယ်များ ဖြစ်လာစေရန်နှင့် အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့တွင် ၁၀၄ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ကျင်းပ

မိုင်းယောင်းမြို့တွင် ၁၀၄ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ကျင်းပ မိုင်းယောင်း နို၀င်ဘာ ၂၀ ဝေဝေခိုင်(ပြန်/ဆက်)

မိုင်းယုမြို့၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်းအသိပညာပေး(Talk Show)ဆွေးနွေး

မိုင်းယုမြို့၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်းအသိပညာပေး(Talk Show)ဆွေးနွေး မိုင်းယု နိုဝင်ဘာ ၂၀ ကိုကိုနိုင်

လူထုအခြေပြုဗဟိုဌာန၌  စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲနှင့် စာအုပ်ပြပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့ ပူးပေါင်း၍ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် စာအုပ်ပြပွဲကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)  ခန်းမ၌ ယမန္နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ချမ်းမြသာစည်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာနတွင် ၁၀၄ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့်ပုံပြောပြိုင်ပွဲများ ကျင်းပ

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက်နေ့တွင် ကျရောက်မည့် ၁၀၄ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုအဖြစ် ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများကို ယမန်နေ့နံနက် ၉ နာရီကကျင်းပပြုလုပ်ခဲ့သည်။

ညောင်လေးပင်မြို့ကြယ်စင်သစ်ကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ညနေပိုင်း(၁၄:၀၀)အချိန်က ကြယ်စင်သစ်ကိုယ်ပိုင်အထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ထန်းတပင်မြို့နယ်၌ ငါးနှင့်ပုစွန်မွေးမြူရေးကန်ဧရိယာ(၁၈၅၃၀.၃၈)ဧကထိရှိ

ငါးလုပ်ငန်းရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ငါးရိက္ခာဖူလုံစေရေး၊ ငါးလုပ်ငန်းကိုအခြေခံ၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများမြင့်မားလာစေရေးနှင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများကို နှစ်စဉ်ကြီးကြပ် စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ယခုနှစ်တွင် ထန်းတပင်မြို့နယ်အနေဖြင့် ငါးနှင့်ပုစွန်မွေးမြူရေးကန်ဧရိယာ(၁၈၅၃၀.၃၈)ဧကထိရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

တာမွေမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းအချိန်က မူးယစ်ဆေးဝါးအန္တရာယ်အသိညာပေးဟောပြောပွဲကို တာမွေမြို့နယ်ရှိ အမှတ်(၁၉)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to