တံတားဦးမြို့နယ် သမဝါယမအသင်းစုမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်  နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် သမဝါယအသင်းစုမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၃)ရပ်ကွက် အင်းဝခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်၌ (၃၅)ကြိမ်မြောက် ကမ္ဘာ့ကလေးများနေ့အထိမ်းအမှတ် အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ နိုဝင်ဘာ(၂၁) ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ်အနေဖြင့် အခြေခံပညာဦးစီးဌာနနှင့် ရွှေကျွန်းသာလူမှုကွန်ရက်တို့ပူးပေါင်းကာ (၃၅)ကြိမ်မြောက် ကမ္ဘာ့ကလေးများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ချောင်းဆုံ(အ.ထ.က)ကျောင်းတွင် ကျင်းပသည်။

မြစ်သားမြို့နယ် ကူမဲမြို့ ရန်ကုန်- မန္တလေးလမ်းတစ်လျှောက်ရှိ ကျူးကျော်ဈေးသည်များအား (Mobile System) ဖြင့်ရောင်းချသွားရန် တွေ့ဆုံပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကူမဲမြို့ ရန်ကုန်-မန္တလေးလမ်းတစ်လျှောက်ရှိကျူး‌ကျော်ဈေးသည်များအား (Mobile System) ယာယီတည်ခင်းရွှေ့လျား ရောင်းချသည့်စနစ်ဖြင့်သာ ရောင်းချသွားရန်အတွက်တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကူမဲမြို့ ရွှေဘုံသာကျောင်းရှိ ကေသီဦးဗိမာန်တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းယန်းမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ဆုံဆို့နာ မေးခိုင်ကာကွယ်ဆေး ထိုးနှံပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့၌ ကျောင်းနေအရွယ် ကလေးငယ်များအား ဆုံဆို့နာ မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့က မွန်ကဲရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက သမ၀ါယမဦးစီးဌာနရုံးသို့ သွားရောက်၍ ငှားရမ်းပေးခဲ့သည်။

မိတ္ထီလာမြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးမှု ပိုမိုကောင်းမွန်စေရန်နှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက်ဆောင်ရွက်

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ မိတ္ထီလာမြို့နယ်လျှပ်စစ်ရုံးမှ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဓာတ်အားဖြန့်ဖြူးမှု ပိုမိုကောင်းမွန်စေရန်နှင့် လျှပ်စစ် အန္တရာယ်ကင်းရှင်ရေး ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှသိရသည်။

သာယာဝတီမြို့နယ်တွင် လူကုန်ကူးမှုအသိပညာပေး ဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စိတ်(သာယာဝတီ)မှ တပ်ဖွဲ့စိတ်မှူးနှင့်တပ်ဖွဲ့ဝင်များက လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

တာမွေမြို့နယ်တွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူလေးများအနေဖြင့် အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံအကြောင်းကို သိရှိနားလည်ပြီး မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေရန်ရည်ရွယ်၍ ယနေ့မွန်းလွဲပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ တာမွေမြို့နယ်ရှိ အမှတ်(၁၅)အခြေခံပညာမူလတန်းကျောင်း၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ချောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊​ မြို့နယ်စားသုံးသူ​ရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အ​မှတ် (၁၀) ရပ်ကွက်၊ ပတ္တမြားရပ်ရှိ အခြေခံပညာမူလတန်းကျောင်း၌  ကျင်းပပြုလုပ်ခဲ့သည်။

ခိုလမ်မြို့၊ (ခလရ-၆၆) ကျောင်းတွင် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ခိုလမ်မြို့၊ အခြေခံပညာမူလတန်းကျောင်း (ခလရ-၆၆) ကျောင်းတွင် (၁၀၄) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲကို ယနေ့နံနက် (၁၁) နာရီအချိန်က ကျင်းပခဲ့​ပါသည်။
Subscribe to