ရေတာရှည်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အထည်ချုပ်စက်ရုံများသို့ ကွင်းဆင်းဆောင်ရွက်

ရေတာရှည် နိုဝင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ယနေ့မွန်းလွဲပိုင်းက အထည်ချုပ်စက်ရုံများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကောင်းထက်နိုင်နှင့်မီးသတ်တပ်ဖွဲ့ဝင်များက မီးသုံးစွဲမှုအခြေအနေနှင့် မီးစနစ်တကျသုံးစွဲမှုရှိမရှိ လိုက်လံစစ်ဆေး၍ မီးမလောင်ခင်၊ မီးလောင်နေစဥ်နှင့် မီးလောင်ပြီးလျှင်ဆောင်ရွက်ရမည့် နည်းလမ်းများအား အသိပညာပေးပြောကြားခဲ့သည်။

ရေတာရှည်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးနှင့် မီးဘေးလုံခြုံရေးအတွက် မီးစနစ်တကျသုံးစွဲမှုရှိမရှိကွင်းဆင်းစစ်ဆေးခြင်းများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)