ကျောက်ကြီးမြို့နယ်၌ စာအုပ်/စာစောင်ပြပွဲပြုလုပ်

ကျောက်ကြီး နိုဝင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးဝန်ထမ်းများက သိန်တန်းရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းသပြေဆောင်ခန်းမတွင် စာအုပ်/စာစောင်ပြပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ကျောက်ကြီးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသားလူငယ်များ မြို့နယ်ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်ပြီး ယခုလို စာအုပ်/စာစောင်ပြပွဲပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ အလုပ်တာဝန်ဖြင့် မအားလပ်၍ စာကြည့်တိုက်သို့မလာရောက်နိုင်သူများ၊ စာအုပ်စာပေများကို လာရောက်ငှားရမ်းဖတ်ရှုရန် ခက်ခဲသူများအတွက်လည်း Mobile Library စနစ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များငှားရမ်းပေးလျက်ရှိကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်ဆွေဆွေမြင့် ပြောကြားချက်အရသိရသည်။

စာအုပ်စာစောင်ပြပွဲတွင် ကလေးစာပေများ၊ သုတ၊ ရသ စာအုပ်စာစောင်များ၊ အသိပညာဗဟုသုတများ ရရှိစေမည့်စာအုပ်များကို ခင်းကျင်းပြသ၍ ကျောင်းသားလူငယ်များက စိတ်ဝင်တစားလေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်