အလုံမြို့နယ်၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

အလုံ နိုဝင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် နိုဝင်ဘာ(၂၅)ရက်နေ့တွင်ကျရောက်မည့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်း အမှတ်အကြိုအဖြစ် ဟောပြောပွဲ၊ ပုံ​ပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကို ယမန်နေ့နံနက် ၉ နာရီ က Community Centre ခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိအိမွန်က အမျိုးသားနေ့အကြောင်းခေါင်းစဥ်ဖြင့်လည်းကောင်း ဆရာမစိမ့်စမ်းဖြူ(ဒေါက်တာစိမ့်)က Better Than Yesterday ခေါင်းစဥ်တို့ဖြင့် ဟောပြောခဲ့သည်။

ထို့နောက် အမျိုးသားနေ့တို့မမေ့ခေါင်းစဥ်ဖြင့် ပုံပြင်ပြောပြိုင်ပွဲနှင့်ကဗျာရွတ်ဆိုပြိုင်ပွဲများကို ကျင်းပခဲ့ရာ မဖူးဖူးသွယ်က ပုံ​ပြင်ပြောပြိုင်ပွဲတွင် အကောင်းဆုံးဆုကိုလည်းကောင်း မောင်စွမ်းထက်က ကဗျာရွတ်ဆိုပြိုင်ပွဲတွင် အကောင်းဆုံးဆုကိုလည်းကောင်း အသီးသီးရရှိခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲနှင့်ပြိုင်ပွဲများအား ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို သိရှိပြီး အမျိုးသားရေးစိတ်ဓာတ်ဖြင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်တို့ဖြင့် တတ်ကြွနေစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ပြီး အခမ်းအနားသို့ စာပေပညာရှင်များ၊ Book Club အသင်းဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၁၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ယောဧရာ(မြို့နယ်ပြန်/ဆက်)