လသာမြို့နယ်၌ အားကစားနှင့်လူငယ်​ရေးရာအသိပညာ​ပေး ​ဟောပြောပွဲ၊ သရုပ်ပြပွဲ၊ အားကစားပစ္စည်း​ပေးအပ်လှူဒါန်းပွဲပြုလုပ်

လသာ နိုဝင်ဘာ ၂၀

ရန်ကုန်တိုင်း​ဒေသကြီး၊​ ကျောက်တံတားခရိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ အားကစားနှင့်လူငယ်​ရေးရာ​ဟော​ပြောပွဲ၊ အားကစားသရုပ်ပြပွဲနှင့်အားကစားပစ္စည်းများ​ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က(၁)လသာ၊ ဗဟိုစံပြခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ​ကျောက်တံတားခရိုင် စီမံအုပ်ချုပ်​ရေးအဖွဲ့၊ ခရိုင်လူငယ်​​ရေးရာကော်မတီဒုတိယဥက္ကဋ္ဌဦးစံ​ကျော်မှ အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်များအတွက် အားကစားနှင့်ကျန်းမာ​ရေးအ​ရေးကြီးကြောင်းစံပြလူငယ်များဖြစ်ရန် ကြိုးစားကြ​စေလို​ကြောင်း​ပြောကြား၍ စာ​ရေးဆရာမညွန့်ညွန့်(က​လော)လူငယ်နှင့် ​စာပေအကြောင်းအရာများကိုလည်း​ကောင်း၊ အားကစားသမား​ဟောင်းအဖွဲ့မှရဲမှူး​​ဒေါ်ကြည်ကြည်ဝေက အားကစားပညာ​ပေးအ​ကြောင်းအရာများကိုလည်း​ကောင်း၊ မြန်မာနိုင်ငံ​ပြေးခုန်ပစ်အဖွဲ့ချုပ်အတွင်း​ရေးမှူး၊ အားကစားသမား​ဟောင်းဦး​ကျော်ထူး​အောင်က လူငယ်နှင့်အားကစား​အ​ကြောင်းအရာများကိုလည်း​ကောင်း အသီးသီး​ဟော​ပြောခဲ့ကြပြီး ရိုးရာခြင်းလုံးအားကစားအဖွဲ့နှင့် Fitness Dance အဖွဲ့တို့က အားကစားသရုပ်ပြသခဲ့ကြသည်။

ထို့​နောက် အားကစားပစ္စည်းများနှင့်သရုပ်ပြဂုဏ်ပြုဆု​ငွေများကို​ကျောက်တံတားခရိုင်အားကစားမှူးဦး​ဇော်မိုးထက်ကျောက်တံတားခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်​ရေးမှူးဦး​ဇော်လင်းထက်၊ ကျောက်တံတားခရိုင်အားကစားနှင့်လူငယ်​ရေးရာမှ လက်ထောက်ညွှန်ကြား​ရေးမှူးဦး​အေးချိုထူးတို့က အသီးသီး​ပေးအပ်ခဲ့​ကြောင်း သိရသည်။

နန်းသဲနု​အောင်(ပြန်/ဆက်)