မိုင်းယန်း နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့၌ ကျောင်းနေအရွယ် ကလေးငယ်များအား ဆုံဆို့နာ မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့က မွန်ကဲရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆုံဆို့နာ မေးခိုင်ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဦးစီးဌာန အမျိုးသမီးကျန်းမာရေးတာဝန်ခံ ဆရာမဋ္ဌေးဋ္ဌေးခိုင်းနှင့် ကျန်းမာရေးဆရာမများမှ အခြေခံပညာအထက်တန်းကျောင်းရှိ KG တန်း ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအသင်း အဖွဲ့ဝင်များနှင့် ဆရာမများတို့မှ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး