သံတောင်ကြီးမြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အခန်းဆုံး တတ်မြောက်မှုစစ်ဆေးခြင်းစာမေးပွဲ တတိယနေ့အေးချမ်းစွာဖြေဆို
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခန်းဆုံး တတ်မြောက်မှုစစ်ဆေးခြင်းစာမေးပွဲ ဖေဖော်ဝါရီလ(၁၃)ရက်နေ့မှ(၂၀)ရက်နေ့အထိ စစ်ဆေးသွားမည်ဖြစ်ပြီး တတိယနေ့ သင်္ချာဘာသာရပ်ကို ယနေ့နံနက်(၉) နာရီအချိန်က သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် Grade – 4 ၊ Grade – 6၊ Grade – 7၊ Grade – 8၊ Grade – 10၊ Grade – 11 ကျောင်းသား/ကျောင်းသူများက အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။