မိတ္ထီလာမြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးမှု ပိုမိုကောင်းမွန်စေရန်နှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက်ဆောင်ရွက်

မိတ္ထီလာ နိုဝင်ဘာ ၂၀

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ မိတ္ထီလာမြို့နယ်လျှပ်စစ်ရုံးမှ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဓာတ်အားဖြန့်ဖြူးမှု ပိုမိုကောင်းမွန်စေရန်နှင့် လျှပ်စစ် အန္တရာယ်ကင်းရှင်ရေး ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှသိရသည်။

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း မိတ္ထီလာမြို့နယ်လျှပ်စစ်ရုံးမှ မြို့နယ်အတွင်းရှိ ဓာတ်အားသုံးစွဲသူများ ဓာတ်အားပိုမိုကောင်းမွန်စေရန်နှင့်လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့်အဖွဲ့မှ  11KV ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ဓာတ်အားလိုင်းအား ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၎င်းအပြင် မိတ္ထီလာမြို့ပေါ် ရပ်ကွက်များအတွင်းရှိ အများပြည်သူများအား ဓာတ်အားဖြန့်ဖြူးထားသော ဌာနပိုင်ထရန်စဖော်မာများ ရေရှည်အသုံးပြုနိုင်ရန်နှင့် ဗို့အား ပြည့်မီစွာအသုံးပြုနိုင်ရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)