သာယာဝတီမြို့နယ်တွင် လူကုန်ကူးမှုအသိပညာပေး ဟောပြောပွဲ ကျင်းပ

သာယာဝတီ နိုဝင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စိတ်(သာယာဝတီ)မှ တပ်ဖွဲ့စိတ်မှူးနှင့်တပ်ဖွဲ့ဝင်များက လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် တပ်ဖွဲ့စိတ်မှူး ရဲအုပ်ဥက္ကာသွင်က လူကုန်ကူးခံရခြင်းတွင် အများဆုံးဖြစ်ပွားလေ့ရှိသော ပုံစံများ၊ လူကုန်ကူးခြင်းခံရပါက ဆက်သွယ်ဆောင်ရွက်ရမည့် အကြောင်းအရာများ၊ Social Media အသုံးပြု၍ နည်းမျိုးစုံဖြင့် စည်းရုံးနေမှုများအား သတိပြုဆင်ခြင်နိုင်ရေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမှတ်(၄၁/ ၂၂)ဖြင့် အတည်ပြု ပြဋ္ဌာန်းခဲ့သည့် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဥပဒေပါအကြောင်းအရာများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေပါ အကြောင်းအရာများ၊ အငှားကိုယ်ဝန်ဆောင်ခြင်းနှင့်ပတ်သက်သောအကြောင်းအရာများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေပါအကြောင်းအရာများအား သိရှိစေရန် အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း(၅၂)ဦးအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရသည်။ 

သန့်ဇော် (ပြန်/ဆက်)