ချောင်းဆုံ နိုဝင်ဘာ ၂၀
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ နိုဝင်ဘာ(၂၁) ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ်အနေဖြင့် အခြေခံပညာဦးစီးဌာနနှင့် ရွှေကျွန်းသာလူမှုကွန်ရက်တို့ပူးပေါင်းကာ (၃၅)ကြိမ်မြောက် ကမ္ဘာ့ကလေးများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ချောင်းဆုံ(အ.ထ.က)ကျောင်းတွင် ကျင်းပသည်။
အဆိုပါပြိုင်ပွဲမှ ကျောင်းသားကျောင်းသူများအနေဖြင့် ကုသလသမဂ္ဂ သဘောတူစာချုပ်ပါ ကလေးသူငယ်အခွင့်အရေးများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်ကြောင်း စာစီစာကုံးပြိုင်ပွဲကို အခြေခံပညာအထက်တန်းနှင့် အလယ်တန်းကျောင်း(၂၈)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၈)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား နိုဝင်ဘာ(၂၁)ရက်နေ့တွင် ဆုပေးပွဲအခမ်းအနားကို ပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)