ခိုလမ် နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ခိုလမ်မြို့၊ အခြေခံပညာမူလတန်းကျောင်း (ခလရ-၆၆) ကျောင်းတွင် (၁၀၄) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲကို ယနေ့နံနက် (၁၁) နာရီအချိန်က ကျင်းပခဲ့ပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ဒုတိယဦးစီးမှူး) ဦးလွှမ်းသူနောင်မှ အနာဂတ်မျိုးဆက်သစ်ကျောင်းသား/သူများအနေဖြင့် အထိမ်းအမှတ်နေ့များကို မြတ်နိုးတန်ဖိုးထားရန်၊ မမေ့လျော့စေရန် ပြောကြားခဲ့ပြီး (စာကြည့်တိုက်လက်ထောက်-၃)ဒေါ်ဝေဝေအောင်မှ အမျိုးသားနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် အမျိုးသားရေးစိတ်ဓါတ်တို့ကို အသိပညာပေးဟောပြောခဲ့ရာ တက်ရောက်ခဲ့သော ကျောင်းသား/သူ (၅၀) ဦးတို့မှ စိတ်ပါဝင်စားစွာ နားထောင်ခဲ့ကြကြောင်း သိရသည်။
နေလင်းထွန်း(ပြန်/ဆက်)