ချောက် နိုဝင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၁၀) ရပ်ကွက်၊ ပတ္တမြားရပ်ရှိ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက "လူငယ်နှင့်စာရိတ္တ" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက "စားသုံးရန်မသင့်သောအစားအစားများနှင့် စားသုံးသူအခွင့်အရေး" အ ကြောင်းများကိုလည်းကောင်း ဟောပြောခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ကျောင်းသား/သူများအား ပုံပြင်ပြောပြခြင်း၊ နေ့ထူးနေ့မြတ်၊ အထိမ်းအမှတ်နေ့များအကြောင်း ပြောပြခြင်းများ ဆောင်ရွက်ခဲ့ကြကာ ကျောင်းသား/ သူလေးများအား မေတ္တာလက်ဆောင် ဗလာစာအုပ်နှင့် ခဲတံများ ဆုချီးမြှင့်ခဲ့ကြသည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ဆရာ၊ဆရာမကျောင်းသား/သူများစုစုပေါင်း ၆၅ ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
ကျော်မိုး (ပြန်/ဆက်)