မင်းကင်းမြို့နယ်တွင် ဆင်းသုခ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်တွင် မိုးစပါးစိုက်ခင်းအား အထွက်နှုန်းမှန်ကန်‌ရေးအတွက် စံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီက သလဘာကျေးရွာ တောင်သူဦးထွန်းစိန်၏ ကွင်းအမှတ် ၇၇၀ ၊ ဦးပိုင်အမှတ် ၇၉ ရှိ လယ်မြေ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ပံတန်း၌ ဆန်စက်များ မီးဘေးလုံခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း ဆန်စက်များ မီးဘေးလုံခြုံရေးအတွက် မီးဘေးလုံခြုံရေး စစ်ဆေးခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလုံမြို့နယ်၌ အထူးကုဆေးခန်းနှင့် ဆေးဝါးများအား ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်တွင် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ​ယနေ့နံနက် ၁၀ နာရီက အထူးကုဆေးခန်းနှင့် ဆေးဝါးများအား  ကွင်းဆင်းစစ်ဆေးခဲ့​သည်။

မြန်မာ- ဗီယက်နမ် ကုန်စည်ပြပွဲ(၂၀၂၄)  ဖွင့်ပွဲ ကျင်းပ

ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်ဝင်းအတွင်းရှိ ရန်ကုန်ကွန်ဗင်းရှင်းစင်တာပြပွဲခန်းမ၌ မြန်မာ-ဗီယက်နမ် ကုန်စည်ပြပွဲ ၂၀၂၄ ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ( ၂၆) ရက်မှ (၂၈)ရက် အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု အားကစားအဖွဲ့များအား အောင်နိုင်ရေးအလံပေးအပ်ပွဲကျင်းပ

၂၀၂၄ - ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု အားကစားအဖွဲ့များအား အောင်နိုင်ရေးအလံပေးအပ်ပွဲနှင့် ၂ဝ၂၄ - ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် အားကစားနည်းအလိုက် ရရှိခဲ့သော တံခွန်စိုက်ဆုဖလားများအပ်နှံခြင်း ၊ အောင်ပွဲရ အားကစားသမားများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်း စင်တာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။

ကမ်းနီး/ကမ်းဝေးငါးဖမ်းစက်လှေ လုပ်ကိုင်သူများအား ပြင်းထန်ဝမ်းပျက်ဝမ်း‌လျှောရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲ ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိ ကမ်းနီး/ကမ်းဝေးငါးဖမ်းလုပ်ငန်း လုပ်ဆောင်ရွက်ကြသူများအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်းနှင့် ငါးဖမ်းစက်လှေပေါ်တွင် ပြင်ဆင်ထားရှိရမည့် အချက်များအကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင်  ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟင်္သာတမြို့ အခြေခံပညာကျောင်းများတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းနေရွယ်ကလေးသူငယ်များ စာအုပ်စာပေများ ဖတ်ရှုလာစေရန်နှင့် အသိပညာ ဗဟုသုတများ ရရှိလာစေရန် ရည်ရွယ်၍ အသိပညာပေး၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက သုံးပင်ကွင်းရပ် အ.မ.က ၂၉ ကျောင်းတွင်  ကျင်းပပြုလုပ်ခဲ့သည်။

ကြည့်မြင်တိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community  Centre ၌  စာဖတ်ဝိုင်းကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယမန်နေ့၊ နေ့လယ် ၁ နာရီက မြို့နယ်စာပေ ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ရုံးတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက်(Book Club) အဖွဲ့ဝင်များ စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ယ‌မန်နေ့က စာပေချစ်မြတ်နိုးသူများအသင်း(Book Club) အသင်းအဖွဲ့ဝင်များပူးပေါင်း၍ သုပဒေသာနှင့်လူငယ်ရေးရာစာစောင် အတွဲ(၄၉)၊ အမှတ်(၇) စာအုပ်ဖြင့်  စာဖတ်ဝိုင်းဆွေးနွေးပွဲဆောင်ရွက်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ဘုတ်ပြင်းမြို့ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ တက်ရောက်ကြည့်ရှုအားပေး

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ကျောင်းသူများ စာအုပ်စာပေ လေ့လာဖတ်ရှုနိုင်ရန်၊ စာပေလေ့လာဖတ်ရှုခြင်းမှ ရရှိသော အသိပညာ ဗဟုသုတများကို ပြန်လည်အသုံးချမျှဝေပေးနိုင်ရန်၊ ကျောင်းသား၊ကျောင်းသူများ ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက်(၉)နာရီတွင် ဘုတ်ပြင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
Subscribe to