မအူပင်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်များပြသ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(မအူပင်)တို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာ ဗဟုသုတ တိုးပွားစေရေး အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါ အစိုးရနည်းပညာအထက်တန်းကျောင်း(မအူပင်)ခန်းမ၌ ပြုလုပ်ခဲ့သည်။

မိုင်းပန်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ လက်ကမ်းစာစောင်များနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန် ရည်ရွယ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိကောင်းစရာများပါဝင်သော သတင်းစကားလက်ကမ်းစာစောင်များနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့မစျေးရှေ့နှင့် လူစည်ကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့သည်။

ဒေးဒရဲမြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ကျင်းပဆောင်ရွက်သည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား ယမန်နေ့ နိုဝင်ဘာ (၂၆)ရက်နေ့မှစတင်၍ ကျင်းပဆောင်ရွက်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

နောင်တရားမြို့ အနီးပတ်ဝန်းကျင်ကျေးရွာများ၌ တောင်ယာစပါးစတင်ရိတ်သိမ်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ အနီးပတ်ဝန်းကျင်ကျေးရွာများ၌ တောင်ယာစပါးစတင်ရိပ်သိမ်းလျက်ရှိသည်။ “ယခုနှစ် နောင်တရားမြို့ ပတ်ဝန်းကျင်ကျေးရွာတွေမှာ ယခင်နှစ်တွေထက်နှိုင်းယှဉ်ရင် တောင်ယာစပါး စိုက်ပျိုးတဲ့ဧကပိုများတယ် တစ်ရွာမှာအနည်းဆုံးဧက (၂၀)ကျော်အထက်ရှိလာတယ် ယခင်ကဆန်တွေကို ဝယ်စားကြတယ် ယခုနှစ်တော့ အိမ်အသုံးစရိတ်တွေလျော့ချချင်လို့ စပါးစိုက်ကြတယ် အချို့တောင်သူတွေက စိုက်ပျိုးမြေတွေပျက်စီးလာလို့ သီးလှည့်စိုက်ပျိုးကြပါတယ် တောင်ယာစပါးမျိုးကို စိုက်ပျိုးရေးဌာနကနေဝယ်ယူပြီး စိုက်ပျိုးကြတယ်အချို့ကြတော့ ဒေသဆန်နီ(ရှမ်းဆန်)တွေကို စိုက်ပျိုးကြပါတယ်” ဟု နောင်ယဉ်ကျေးရွာမှ စပါးစိုက်ပျိုးသည့် တောင်သူတစ်ဦးက ပြောသည်။

ငပုတောမြို့နယ် တောင်ကလေးအခြေခံပညာအထက်တန်း‌ကျောင်း၌ ဆုံဆို့ မေးခိုင်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံဆက်လက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက‌ တောင်ကလေးအခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄ ခုနှစ်၊ ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ထိုးနှံပေးခဲ့သည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကြက်ဥတစ်လုံးလျှင် ၃၈၀ ကျပ်နှုန်းဖြင့် လာရောက်ရောင်းချ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာတောင်ညွန့်ရပ်ကွက်၊ မြယာကုန်းလမ်း၊ မင်္ဂလာတောင်ညွန့်ဈေးတွင် ယမန်နေ့ နံနက်ပိုင်းက ကြက်ဥများကို ဈေးနှုန်းချိုသာစွာဖြင့် လာရောက်ရောင်းချပေးခဲ့ပါသည်။

ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက Wisdom Hill ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပခဲ့ရာဦးစွာ ဇမ္ဗူသီရိမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးကျော်အောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

လသာမြို့နယ်ရှိ စျေးများအတွင်း မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်အတွင်းရှိဈေးများတွင် မီးလောင်ဆုံးရှုံးမှုများမဖြစ်ပွားစေရေးအတွက် မီးသတ်ဦးစီးဌာန၏လမ်းညွှန်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုတို့ဖြင့် ယနေ့နံနက် ၉ နာရီက လသာမြို့နယ်အတွင်းရှိ သိမ်ကြီးစျေးသံစျေးတို့တွင် မီးဘေးလုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

ကျုံပျော်မြို့တွင် ပြည်သူများအား ကြက်ဥ ဘဲဥများ သက်သာသောနှုန်းထားဖြင့်ရောင်းချပေး။

ပြည်သူများ ဝတ်နေရေးတဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် အခြေခံစား‌သောက်ကုန်များဖြစ်သော ကြက်ဥ၊ ဘဲဥများအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ပင်လုံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ နိုဝင်ဘာ ၂၅ ရက်နေ့က ဆောင်ရွက်ပေးခဲ့သည်။

တံတားမြို့တွင် ကျောင်းသားကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး နည်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့ နံနတ် (၉) နာရီအချိန်က တံတားမြို့အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Subscribe to