ဟင်္သာတ နိုဝင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းနေရွယ်ကလေးသူငယ်များ စာအုပ်စာပေများ ဖတ်ရှုလာစေရန်နှင့် အသိပညာ ဗဟုသုတများ ရရှိလာစေရန် ရည်ရွယ်၍ အသိပညာပေး၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက သုံးပင်ကွင်းရပ် အ.မ.က ၂၉ ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးမာက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းကို ဟောပြောခဲ့ပါသည်။ ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးသူငယ်များ ဗဟုသုတရစေမည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါး အသိပညာပေး နံရံကပ် စာစောင်များနှင့် ဗဟုသုတရစေမည့် စာအုပ်စာစောင်များကိုလည်း ပြသခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)