ထိုင်ဝမ်ပိန္နဲ စိုက်ပျိုးတောင်သူများ တစ်ပိဿာ ၂၀၀၀ ကျပ် ရောင်းချနေရကာ မနှစ်ကထက် ဈေးနှုန်းပိုရနေ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ထိုင်ဝမ်ပိန္နဲ စိုက်ပျိုးတောင်သူများ ပိန္နဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အသီးသီးနှုန်း ကောင်းမွန်ကာ ဆွတ်ခူးရောင်းချချိန် တစ်ပိသာ ၂၀၀၀ ကျပ် ရောင်းချရခြင်းကြောင့် ပိန္နဲစိုက်တောင်သူများ တွက်ခြေကိုက်သည့် နှစ်တစ်နှစ်ဖြစ်ခဲ့ကြောင်း သိရသည်။