ကြည့်မြင်တိုင် နိုဝင်ဘာ ၂၇
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယမန်နေ့၊ နေ့လယ် ၁ နာရီက မြို့နယ်စာပေ ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် စာရေးဆရာမ တင့်တယ်ခင်က အဖွင့်အမှာစကား ပြောကြားပြီး ကြည့်မြင်တိုင်မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာလင်းက စာဖတ်ဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာရေးဆရာမမိုးအေး (ကိုယ်တိုင်ရေး)၏ “မောင်မမုန်းတဲ့တန်ဆောင်မုန်း” စာအုပ်ကို ဖတ်ကြားဆွေးနွေးခဲ့ရာ တက်ရောက်လာကြသည့် Book Club အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များကလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခိုင်ဇာလင်း(ပြန်/ဆက်)