မင်းကင်း နိုဝင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်တွင် မိုးစပါးစိုက်ခင်းအား အထွက်နှုန်းမှန်ကန်ရေးအတွက် စံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီက သလဘာကျေးရွာ တောင်သူဦးထွန်းစိန်၏ ကွင်းအမှတ် ၇၇၀ ၊ ဦးပိုင်အမှတ် ၇၉ ရှိ လယ်မြေ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သလဘာကျေးရွာ၊ တောင်သူဦး ဦးထွန်းစိန်၏ ကွင်းအမှတ် ၇၇၀၊ ဦးပိုင်အမှတ် ၇၉ ရှိ လယ်မြေ၌ စိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းအား စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကအထွက်နှုန်း (အစို) ၁၀၄ တင်းနှုန်းထွက်ရှိကြောင်းသိရသည်။
အဆိုပါမိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဟေမာန်ကျော်ဝင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ သလဘာကျေးရွာရှိ အုပ်ချုပ်ရေးမှူးနှင့်တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
မြို့နယ် (ပြန်ဆက်)