ထန်းတပင်မြို့နယ်၌ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက် ၉နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း ပင်လုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

တပ်ကုန်းမြို့နယ်၌ ကျေးရွာနှစ်ရွာတွင် စာကြည့်တိုက်အဆောက်အဦသစ် ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ညောင်တုန်းအိုင်ကျေးရွာနှင့် ရွှေဥဒေါင်းကျေးရွာတို့တွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီမှမတည်ငွေဖြင့် စာကြည့်တိုက်အဆောက်အဦသစ်ဆောက်လုပ်ရေး ပန္နက်တင်မင်္ဂလာကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာများတွင်  စာကြည့်တိုက်ဆောက်လုပ်မည့် မြေနေရာ၌ ကျင်းပခဲ့သည်။

ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပ

ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ရေစကြိုမြို့၊ အ.ထ.က(၁) မြတမာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

(၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်

(၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ ၁/အနော်မာရပ်ကွက်ရှိ တိုးချဲ့(၂)လမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား ယနေ့နံနက် ၈ နာရီခွဲအချိန်၌ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုးဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြသည်။

လွိုင်လင်မြို့တွင် စာကြည့်တိုက်ပညာဆင့်ပွားသင်တန်းဖွင့်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးနှင့် ကျေးရွာစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်ပညာဆင့်ပွားသင်တန်းကို ယနေ့နံနက်ပိုင်းက အဆိုပါရုံးတွင် ပြုလုပ်ပါသည်။

သရက်မြို့၌ အ.ထ.က(၁) ရာပြည့်သဘင်နှင့် (၃၉)ကြိမ်မြောက် အာစရိ​ယပူဇော်ပွဲ အခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ရာပြည်သဘင်နှင့် (၃၉)ကြိမ်မြောက် အာစရိယပူဇော်ပွဲ အခမ်းအနား ကျင်းပခြင်း ကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ရာပြည့်သဘင်ခန်းမ၌ ကျင်းပခဲ့သည်။

စမ်းချောင်းမြို့နယ်၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း စံပယ်ခန်းမ၌ ယမန်နေ့နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to