အလုံမြို့နယ်၌ အထူးကုဆေးခန်းနှင့် ဆေးဝါးများအား ကွင်းဆင်းစစ်ဆေး

အလုံ နိုဝင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်တွင် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ​ယနေ့နံနက် ၁၀ နာရီက အထူးကုဆေးခန်းနှင့် ဆေးဝါးများအား  ကွင်းဆင်းစစ်ဆေးခဲ့​သည်။

ထိုသို့ စစ်​ဆေးရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ၊ ရန်ကုန်မှ ဒုတိယညွှန်ကြားရေးမှူး(ဆေးဝါး) ဒေါက်တာညီညီဝင်း၊ မြို့နယ်အစား အသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များ ပါ၀င်သော ပူးပေါင်းအဖွဲ့က သာမန်ထိန်းချုပ်ဆေးဝါးများ လက်လီရောင်းချရန် ခွင့်ပြုချက်(အသစ်) လျှောက်ထားလာသော "CLL Health Shin Saw Pu" အထူးကုဆေးခန်းနှင့် ဆေးဝါးများအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယောဧရာ(ပြန်/ဆက်)