ယင်းမာပင်မြို့တွင် (၁၀၄)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယမန်‌နေ့နံနက် ၇ နာရီခွဲအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုးနဲမြို့နယ်၌ မြေဩဇာအရောင်းဆိုင်များအား သတ်မှတ်ချက်နှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်အတွင်း ရောင်းချလျက်ရှိသော မြေဩဇာအရောင်းဆိုင်များအား သတ်မှတ်ချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိကို သက်ဆိုင်ရာတာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပျဉ်းမနားမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် လူငယ်စကားဝိုင်းကို ယနေ့ နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာမွန်ခန်းမ၌ ကျင်းပခဲ့သည်။

စမ်းချောင်းမြို့နယ်၌ မကူးစက်ရောဂါများကာကွယ်ရေး (NCD) Data Survey ကောက်ယူရေး ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် မကူးစက်ရောဂါများကာကွယ်ရေး (NCD) Data Survey ကောက်ယူရေးလုပ်ငန်းကို နို၀င်ဘာ ၂၅ ရက်နေ့ နံနက် (၉) နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထားဝယ်မြို့စည်ပင်သာယာဈေးကြီးတွင် မီးဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်                                  

ထားဝယ်ခရိုင်အတွင်း မီးဘေးအန္တရာယ်နှင့် အခြားသောသဘာဝဘေးအန္တရာယ် ကျရောက်လာပါက အထိရောက်ဆုံးနှင့် အမြန်ဆုံးကယ်ဆယ်ရေးလုပ်ငန်းများ တုံ့ပြန်ဆောင်ရွက်ပေးနိုင်ရန်အတွက် မီးသတ်ဦးစီးဌာနမှ ဦးစီး၍ မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ဇဗ္ဗူသီရိအရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့၊ ဈေးအကျိုးတော်ဆောင်များနှင့် ဈေးသူ/သားများ ပူးပေါင်း၍ ယနေ့နံနက် ၁၁ နာရီက ထားဝယ်မြို့၊ စည်ပင်သာယာဈေးကြီးတွင် မီးဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့သည်။

ကျိုင်းတုံမြို့၌ သဘာဝဘေးဒဏ်သင့်ဒေသများသို့ တိရစ္ဆာန်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ သဘာဝဘေးဒဏ်သင့်ဒေသများသို့ တိရစ္ဆာန်များထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး(ကျိုင်းတုံ)တွင် ကျင်းပသည်။

မောက်မယ်မြို့နယ်၌ သဘာဝဘေးဒဏ်သင့်ဒေသများသို့ တိရစ္ဆာန်များ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ သဘာဝဘေးဒဏ်သင့်ဒေသများသို့ တိရစ္ဆာန်များထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါကုန်းလမ်းရပ်ကွက်ရှိ ဦးလုံးရွေး၏ နွားမွေးမြူရေးခြံတွင် ကျင်းပပြုလုပ်ခဲ့သည်။

လိပ်သိုမြို့ ပြည်သူ့စာကြည့်တိုက်တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ စာအုပ်စာစောင်များ နေ့စဉ်လာရောက်ငှားရမ်းဖတ်ရှု

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကျောင်းစာအပြင် ပြင်ပဗဟုသုတ ရှာဖွေရန် စိတ်ဝင်စားသည့် ကျောင်းသား/ကျောင်းသူများနှင့် ဒေသနေပြည်သူများအနေဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်စာပေများ နေ့စဉ်လာရောက်ငှားရမ်းဖတ်ရှုလျက်ရှိနေကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ

ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ ဇေယျာသီရိ နိုဝင်ဘာ ၂၇ ထွန်းလင်း(ဇေယျာမြေ)

စဉ့်ကိုင်မြို့နယ်၊ အ.လ.က(တောမ)ကျောင်းတွင် လူငယ်‌ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းးဒေသကြီး၊‌ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံပြီး အသိ ပညာ ဗဟုသုတ တိုးပွားစေရန်၊  စဉ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန်တို့ကို ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်းကျင်းပသော လူငယ်‌ ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၀) နာရီအချိန်က အ.လ.က(တောမ)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းနှင့် ဝန်ထမ်းများ၊ အ.လ.က (တောမ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အမာစိန်နှင့် ဆရာ/ဆရာများ၊ ကျောင်းသား/သူ တက်ရောက်ခဲ့ကြကြောင်း သိရသည်။       
Subscribe to