ကျုံပျော် နိုဝင်ဘာ ၂၇
ပြည်သူများ ဝတ်နေရေးတဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် အခြေခံစားသောက်ကုန်များဖြစ်သော ကြက်ဥ၊ ဘဲဥများအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ပင်လုံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ နိုဝင်ဘာ ၂၅ ရက်နေ့က ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ရောင်းချရာတွင် ပင်လုံရပ်ကွက်ရှိ ပြည်သူများအား ကြက်ဥတစ်လုံးလျှင် ၄၀၀ ကျပ်နှုန်း ဖြင့် အလုံးရေ ၈၀၀ လုံး၊ ဘဲဥတစ်လုံးလျှင် ၅၀၀ ကျပ်နှုန်းဖြင့် အလုံးရေ ၂၀၀ လုံးတို့အား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ပြီး၊ ရပ်ကွက်ပြည်သူများ ဝမ်းမြောက်ကြကြောင်း သိရသည်။
ထိုသို့ ရောင်းချခြင်းကို ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းမင်းနိုင်၏ ဦးဆောင်မှုဖြင့်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်ကလေး စောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)