မင်္ဂလာတောင်ညွန့် နိုဝင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာတောင်ညွန့်ရပ်ကွက်၊ မြယာကုန်းလမ်း၊ မင်္ဂလာတောင်ညွန့်ဈေးတွင် ယမန်နေ့ နံနက်ပိုင်းက ကြက်ဥများကို ဈေးနှုန်းချိုသာစွာဖြင့် လာရောက်ရောင်းချပေးခဲ့ပါသည်။
ထို့သို့ရောင်းချရာတွင် UMFCCI နှင့် မြန်မာနိုင်ငံမွေးမြူရေးအဖွဲ့ချုပ်၏ အစီအစဉ်ဖြင့် စားသုံးသူပြည်သူများအား ZAK ကြက်ဥရောင်းဝယ်ရေးလုပ်ငန်းမှ ကြက်ဥတစ်လုံးလျှင် ၃၈၀ နှုန်း၊ တစ်ဦးလျှင် ၁၀ လုံးဖြင့် ကြက်ဥအလုံးရေ ၁၂၀၀၀ လုံးကို ရောင်းချပေးခဲ့ပါသည်။
အဆိုပါရောင်းချနေမှုကို ခရိုင်မှူး (ဗိုလ်တထောင်ခရိုင် စည်ပင်သာယာဈေးများရုံး) ၊ဈေးတာဝန်ခံနှင့် မြို့နယ်စည်ပင်သာယာရေးအုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများက ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
ထူးထက် (ပြန်/ဆက်)