တံတား နိုဝင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့ နံနတ် (၉) နာရီအချိန်က တံတားမြို့အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်မိုးဖြူလွင်က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောရာတွင် ကလေးသူငယ်များ လူကုန်ကူးခံရ၍ ခိုင်းစေခံရနိုင်ကြောင်း၊ ကလေးသူငယ်များအပေါ် လုပ်အားခခေါင်းပုံဖြတ်မှုမရှိစေရန်အတွက် ကလေးအလုပ်သမားပပျောက်ရေးကို အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကလေးအလုပ်သမားပြဿနာ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကလေးအလုပ်သမားဖြစ်ပွားမှု အများဆုံးနိုင်ငံများကိုလည်ကောင်း၊ ကလေးအလုပ်သမားများ၏အလုပ်ချိန် ကန့်သတ်ချက်များ၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် (၃) ရပ် စသည့်အကြောင်းအရာများကို အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့ကြသည်။ ထို့နောက် ကလေးအလုပ်သမားပပျောက်ရေး သိကောင်းစရာနံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ် စာစောင်များကို ခင်းကျင်းပြသထားရာကျောင်သား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ခန့်စည်သူဝင်း (ပြန်/ဆက်)