ငပုတောမြို့နယ် တောင်ကလေးအခြေခံပညာအထက်တန်း‌ကျောင်း၌ ဆုံဆို့ မေးခိုင်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံဆက်လက်

ငပုတော နိုဝင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက‌ တောင်ကလေးအခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄ ခုနှစ်၊ ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ထိုးနှံပေးခဲ့သည်။

မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများပူးပေါင်း၍ အသက်ငါးနှစ်ပြည့်ပြီး အသက်ခုနစ်နှစ်မကျော်သော ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့-မေးခိုင်ကာကွယ်ဆေး(DT)နှင့် အသက်ကိုးနှစ်ပြည့်ပြီး အသက် ၁၀ နှစ် မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ကျောင်းအခြေပြုထိုးနှံခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)