လသာ နိုဝင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်အတွင်းရှိဈေးများတွင် မီးလောင်ဆုံးရှုံးမှုများမဖြစ်ပွားစေရေးအတွက် မီးသတ်ဦးစီးဌာန၏လမ်းညွှန်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုတို့ဖြင့် ယနေ့နံနက် ၉ နာရီက လသာမြို့နယ်အတွင်းရှိ သိမ်ကြီးစျေးသံစျေးတို့တွင် မီးဘေးလုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရန်နိုင်ဝင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးဆန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သော မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ဈေးတာဝန်ခံများပါဝင်သော အဖွဲ့တို့ဖြင့် လသာမြို့နယ်သိမ်ကြီးစျေး(D+E)ရုံနှင့် သံစျေးတို့တွင် မီးဘေးလုံခြုံရေးအတွက် မီးသုံးစွဲမှု၊ ကုန်ပစ္စည်းများ စနစ်တကျထားရှိမှု၊ မီးသတ်ယာဥ်ဝင်/ထွက်နိုင်မှု၊ ရေရရှိရေးနှင့် ရှေးဦးမီးငြိမ်းသတ်ရေးအသင့်ဆောင်ရွက်ထားရှိမှုတို့အပေါ် စစ်ဆေးခဲ့ပြီး လိုအပ်သည်များ အကြံပြုလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင် (ပြန်/ဆက်)