မကွေးမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအခမ်းအနား ကျင်းပ

၂၀၂၄ ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

ပေါင်းတည်၌ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးနှင့် ဆုံဆို့၊ မေးခိုင်ရောဂါကာကွယ်ဆေးများ ထိုးနှံ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးနှင့် ဆုံဆို့၊ မေးခိုင်ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများနှင့် ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းကို ယနေ့နံနက် ၉ နာရီက အ-ထ-က(မင်းကွက်)နှင့် အ-မ-က(သိမ်ကြီး)တို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးအဖွဲ့က ကွင်းဆင်းဆောင်ရွက်ပေးကြသည်။

သားဖွားဆရာမများ စွမ်းဆောင်ရည်မြှင့် မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသင်းပိုင်သားဖွားခန်းများတွင် တာဝန်ထမ်းဆောင်နေကြသည့် သားဖွားဆရာမများ စွမ်းဆောင်ရည်မြှင့် မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ထန်းတပင်မြို့နယ်၌ ကျောင်းအခြေပြု ဆုံဆို့မေးခိုင်ရောဂါကာ ကွယ်ဆေးထပ်ဆောင်းထိုးနှံခြင်းနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ ကျန်းမာရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းအခြေပြု ဆုံဆို့မေးခိုင်ကာကွယ်ဆေးထပ်ဆောင်းထိုးနှံခြင်းနှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း ပင်လုံခန်းမတွင် ဆောင်ရွက်ပေးခဲ့သည်။

မိုင်းပန်မြို့နယ်၌ မီးခိုး/မြူငွေ့လျှော့ချရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနနှင့် မြို့နယ်အတွင်း ဌာနဆိုင်ရာများစုပေါင်း၍ မီးခိုး/မြူငွေ့လျှော့ချရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်း (မိုင်းပန်)၌ ယနေ့နံနက် ၉ နာရီက ကျင်းပသည်။

တပ်ကုန်းမြို့နယ် ဆရာစံရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဆရာစံရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း၊ စာသင်ဆောင်တွင် ကျင်းပခဲ့သည်။

ပန်းတနော်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အခြေခံပညာမူလတန်းဆင့် ပြီးမြောက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြည်လုံးချမ်းသာ သာသနာ့ဗိမာန်‌၌ ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် အခြေခံပညာမူလတန်းဆင့် ပြီးမြောက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

မင်းဘူးမြို့၌ ဧရာဝတီမြစ်ကမ်းနားတစ်လျှောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လူထုလှုပ်ရှားမှု အသိပညာပေးလုပ်ငန်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ထောက်ရှာပင်ရေနံ ကုန်တင်ကုန်ချဆိပ်ကမ်း၌ ဧရာဝတီမြစ်ကမ်းနားတစ်လျှောက် ပလတ်စတစ်နှင့် အခြားအမှိုက်များစွန့်ပစ်ခြင်းများကင်းဝေးစေရန်နှင့် အဏ္ဏဝါအမှိုက်သရိုက် ညစ်ညမ်းမှုများမဖြစ်ပေါ်စေရေး ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လူထုလှုပ်ရှားမှု အသိပညာပေးလုပ်ငန်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to