ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင် ဦးဆောင်သောအဖွဲ့သည် ပန်းတောင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပန်းတောင်း နိုဝင်ဘာ ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင် ဦးဆောင်သောအဖွဲ့သည် ပန်း‌တောင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယမန်နေ့ နံနက်ပိုင်းအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပန်းတောင်းမြို့နယ်၊ မကြီးထုံးကျေးရွာအုပ်စု၊ ဆိတ္တဲကျေးရွာရှိ တောင်သူဦးဝင်းချို၏ မြေပဲခင်းနှင့် ကျွန်းမီကျေးရွာအုပ်စု၊ ဂျင်းရဲကျွန်းကျေးရွာရှိ တောင်သူဦးခင်မောင်အေးအပါအဝင် တောင်သူ(၁၀)ဦးတို့၏ နေကြာသီးညှပ်စိုက်ပျိုးထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဂျင်းရဲကျွန်းကျေးရွာရှိ မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ဂျင်းရဲကျွန်း- ကျွန်းကလေးလမ်း မြေသားလမ်းခင်းခြင်းနှင့် တောင်ဘို့ကြီးကျေးရွာအုပ်စု၊ မြေဝါကုန်းကျေးရွာရှိ မြေဝါကုန်းလမ်းမြေသားခင်းခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက်ဆက်လက်၍ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ရတနာပုံရပ်ကွက်ရှိ ဒေါ်လှဖြူ၏ မြေငှားဂရန် လျှောက်ထားမှုများအား ကြည့်ရှုခဲ့ပြီးလိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

သင်းသင်အေး (ပြန်/ဆက်)