တောင်ငူ နိုဝင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ တောင်ငူခရိုင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ ကြီးမှူး၍ စာရေးသူ ဆရာနောင်၏ “အရိုးကျီးပေါင်းသဘာဝကုထုံး “စာအုပ်ဖြင့် ယမန်နေ့နံနက် (၁၀) နာရီက စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နာယကဦးမြသိန်းမှ ဦးဆောင်ဆွေးနွေးခဲ့ပြီး (Book Club)ဥက္ကဋ္ဌ ဦးစောဂျရုန်းက အရိုးကျီးပေါင်းရောဂါဖြစ်ရခြင်းအကြောင်းများ၊ (Book Club) အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ငုကြည်သင်းမှ အရိုးကျီးပေါင်းရောဂါအတွက်လေ့ကျင့်ခန်းများ၊ ဦးဟိန်းဝေယံမှ ခါးကျီးပေါင်း ကနဦး လေ့ကျင့်ခန်းများနှင့် ဒေါ်နှင်းပွင့်အောင်မှ လည်ပင်းကျီးပေါင်းနှင့် ခါးကျီးပေါင်းအတွက် ယောဂလေ့ကျင့်ခန်းများကို အသီးသီးဆွေးနွေးခဲ့ကြသည်။
ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာသူများမှ ပြန်လည်ဆွေးနွေးခဲ့ကြရာ (Book Club) နာယကဦးမြသိန်းက ဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းအား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)