ဒဂုံတောင် နိုဝင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတို့ ညှိနှိုင်းပူးပေါင်း၍ Fresh Egg မှ ကြက်ဥအလုံး (၁၀၀၀၀) ထုတ်ယူ၍ သတ်သာသောဈေးနှုန်းဖြင့် ယမန်နေ့နံနက် ၉ နာရီ ၄၅ မိနစ်တွင် ပြည်သူများလက်ဝယ်သို့ တိုက်ရိုက်ရောင်းချပေးကြောင်း သိရသည်။
ကုန်ဈေးနှုန်းတည်ငြိမ်းရေးနှင့် ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် ကြက်ဥတစ်လုံးလျှင် (၃၈၀) ကျပ်နှုန်းဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၂၀ ရပ်ကွက် မြိတ်လမ်းမင်္ဂလာ ရုပ်ရှင်ရုံရှေ့တွင် (၅၀၀၀) လုံးနှင့် ၅၄ ရပ်ကွက် လှော်ကားလမ်းနှင့် ပုဂံလမ်းထောင့်တွင် (၅၀၀၀)လုံး ရောင်းချပေးကြောင်း သိရသည်။
ထိုသို့ ကြက်ဥများ ပြည်သူများလက်ဝယ်သို့ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနေမှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလွင်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဖြိုးဝေမောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အနီးကပ်ကြီးကြပ် အားပေးကြည့်ရှုကြောင်း သတင်းရရှိသည်။
နေမျိုးအောင်