ကျိုင်းတုံ နိုဝင်ဘာ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးသွားသော လယ်မြေများအတွက် မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့က စိုက်ပျိုးရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးတွင် ကျင်းပသည်။
ဦးစွာ စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)၊ နေပြည်တော်မှ မြေသုံးချရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဝင်းဦးက အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှဝင်းက မျိုးစေ့များပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ၂၀၂၄-၂၀၂၅ ခုနှစ် ကျိုင်းတုံမြို့နယ်အတွင်း မိုးစပါးပျက်စီးဆုံးရှုံးခဲ့သည့် ဧက (၂၂၂) ဧကတွင် စိုက်ပျိုးကြသည့် တောင်သူ (၂၇၆) ဦးအား မျိုးစပါးနှင့် ပဲပုပ်မျိုးစေ့များကို ကျိုင်းတုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုးဝေနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ရာ တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ထို့နောက် အခမ်းအနား တက်ရောက်လာကြသူများကို ကျိုင်းတုံခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် စိုက်ပျိုးရေးဆိုင်ရာများ ခင်းကျင်းပြသကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)