စမ်းချောင်း နို၀င်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင် စမ်းချောင်းမြိုနယ်ရှိ ပြည်သူများ ကြက်ဥများကို ဈေးနှုန်းသက်သာစွာဖြင့် ၀ယ်ယူနိုင်ရေးအတွက် ယမန်နေ့ နံနက် (၁၀) နာရီအချိန်၌ စမ်းချောင်း(မြောက်)ရပ်ကွက်၊ အုပ်ချုပ်ရေးမှုးရုံးတွင် ကြက်ဥများအား ဈေးးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ရောင်းချရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရပ်ကွက်နေပြည်သူများအား ကြက်ဥတစ်လုံးလျှင် ၃၈၀ ကျပ်နှုန်း ဖြင့် လူတစ်ဦးလျှင် ကြက်ဥ ၁၀ လုံးဖြင့် ကြက်ဥ အလုံးရေ (၁၀၀၀၀)လုံး ကိုရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါရောင်းချနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘ၀င်းနှင့် အဖွဲ့၀င်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးအောင်မြင့်မိုးနှင့် ၀န်ထမ်းများ၊ မြိုနယ်ရဲတပ်ဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဖြူသွယ်ထွန်း (ပြန်/ဆက်)