အလုံမြို့နယ်၌ ရက်ကွက်နေပြည်သူများသို့ ကြက်ဥများ စျေးနှုန်းသက်သာစွာဖြင့် ဆက်လက်ရောင်းချ

အလုံ နို၀င်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင် အလုံမြို့နယ်ရှိ ရပ်ကွက်နေပြည်သူများအား ကြက်ဥများ ‌ဈေးနှုန်းသက်သာစွာဖြင့် ​​ ရောင်းချလက်ရှိရာ ယနေ့နံနက် (၁၀) နာရီ အချိန်၌ မြို့နယ်ခန်းမ၊​​ အောင်ဇေယျရိပ်မွန်အိမ်ရာ၊ စည်ပင်ကုန်တင်နာဝင်း၊ မောင်လေးဝင်းတို့တွင် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရပ်ကွက်နေပြည်သူများအား ကြက်ဥတစ်လုံးလျှင် ၃၈၀ ကျပ်နှုန်းဖြင့် တစ်ဦးလျှင် ကြက်ဥ ၁၀ လုံး ကြက်ဥအလုံးရေ (၁၀၀၀၀) လုံးကို ရောင်းချပေးခဲ့ပြီး ထိုရောင်းချနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲကိုကို၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဌေးကြွယ်၊ အဖွဲ့ဝင်(၂) ဦးအောင်စိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကျော်ကျော်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟစိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်ရုံးဝန်ထမ်းများမှ ပူးပေါင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယောဧရာ (ပြန်/ဆက်)