စစ်ကိုင်းတိုင်းဒေသကြီး၌ ယခုနှစ် ဆောင်းသီးနှံ နှမ်း ၅၅၇၉၃၅ ဧက စိုက်ပျိုးသွားမည်

မုံရွာ နိုဝင်ဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နာဂဒေသအပါအဝင် ခရိုင်(၁၄)ခရိုင်ရှိသည့်အနက် (၁၃) ခရိုင်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ယခုနှစ်ဆောင်းနှမ်း ၅၅၇၉၃၅ ဧက စိုက်ပျိုးရန် လျာထားပြီး ယခုနှစ် အောက်တိုဘာလ ပထမပတ်မှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ ဆောင်းနှမ်း ၅၃၅၆၄၉ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပြည်တွင်းစားသုံးဆီဖူလုံစေဖို့နဲ့ တောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်ပြီး နှမ်းမျိုးများဖြစ်သည့် ဆင်းရတနာ-၃၊ သိပ္ပံနှမ်းနက်၊ ရိုးစိမ်း၊ ရှပ်ကလေးမျိုးများကို အထွက်နှုန်းကောင်းမွန်ရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေးတို့အတွက် စံကွက်များ၊ စမ်းသပ်ကွက်များကို စိုက်ပျိုးထားရှိပြီး တောင်သူလယ်သမားများ ဆောင်းနှမ်းစိုက်ပျိုးရာသီတွင် သီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သောစိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ၊ သွင်းအားစုများ၊ သီးနှံမျိုးစေ့များ ကူညီထောက်ပံ့ခြင်းများကို တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ကူညီထောက်ပံ့ပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ပိုးမွှားရောဂါများ ကျရောက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
အဆိုပါ
ဆောင်းနှမ်းများကို တိုင်းဒေသကြီးအတွင်းရှိ ဟုမ္မလင်းခရိုင်တွင် ၁၄ ဧက၊ နာဂဒေသတွင် ၂၀ ဧက၊ မော်လိုက်ခရိုင်တွင် ၁၅၁၁ ဧက၊ တမူးခရိုင်တွင် ၂၄၁၁ ဧက၊ ကလေးခရိုင်တွင် ၆၀၉၃ ဧက၊ မုံရွာခရိုင်တွင် ၆၆၉၉၁ ဧက၊ ယင်းမာပင်ခရိုင်တွင် ၇၇၉၈၀ ဧက၊ ရွှေဘိုခရိုင်တွင် ၉၆၄၅၀ ဧက၊ ရေဦးခရိုင်တွင် ၂၂၃၇၅ ဧက၊ ကန့်ဘလူခရိုင်တွင် ၁၁၀၇၄၉ ဧက၊ စစ်ကိုင်းခရိုင်တွင် ၉၆၈၀၃ ဧက၊ ကသာခရိုင်တွင် ၄၆၇၇၁ ဧက၊ ကောလင်းခရိုင်တွင် ၂၉၇၆၇ ဧက၊ စုစုပေါင်း ၅၅၇၉၃၅ ဧကကို လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်

ခရိုင် (ပြန်/ဆက်)