အခြေခံပညာမူလတန်းကျောင်း လမိုင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်

ဇလွန် နိုဝင်ဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာမူလတန်းကျောင်း  လမိုင်းတွင် ယမန်နေ့မွန်းလွဲ ၂ နာရီတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အခြေခံပညာမူလတန်းကျောင်း လမိုင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းက ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန်၊ လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာပေဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများရရှိစေရန်

စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ စာပေ၏အကျိုးကျေးဇူများနှင့် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက ကျောင်းစျေးတန်းနှင့် ပြင်ပဈေးဆိုင်များတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်  စားသုံးရန်မသင့်သော အစားအစာများကို စားသုံးခြင်းဖြင့် ရရှိလာမည့် ဆိုးကျိုးများအကြောင်းကို အသီးသီးအသိပညာပေးဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဇလွန်မြို့နယ်ရုံးမှ ပြသထားသော နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရူ့လေ့လာခဲ့ကြကြောင်း သိရသည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)