ရပ်စောက် နိုဝင်ဘာ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း၌ ပြည်သူစစ်မှုထမ်းသင်တန်းအမှတ်စဉ် (၅/၂၀၂၄) ကတိသစ္စာခံယူပွဲနှင့် သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီ ၃၀ မိနစ်က တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်းရှိ စစ်ရေးပြကွင်း၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် နိုင်ဝင်းအောင်နှင့် တပ်မတော်အရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်မှုထမ်းသင်တန်းသား (၇၇)ဦး တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းသင်တန်းသားများက တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်းကျောင်းအုပ်ကြီးနှင့် အခမ်းအနားတက်ရောက်လာသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို အလေးပြုကြသည်။ ဆက်လက်၍ သင်တန်းဆင်းတပ်ခွဲက ကတိသစ္စာခံယူ၍ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်းကျောင်းအုပ်ကြီးက စံပြသင်တန်းသားဆု၊ စစ်ရေးပြထူးချွန်ဆု၊ လက်ဖြောင့်တပ်သားဆု၊ စစ်သည်တော်ကျင့်ဝတ်ဆု၊ မိုင်းကျွမ်းကျင်ဆု၊ တပ်စိပ်တိုက်ပွဲဆု၊ ချေမှုန်းရေးအကောင်းဆုနှင့် အိပ်ဆောင်ခင်းကျင်းမှု အကောင်းဆုံးဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းမိန့်ခွန်း ပြောကြားခဲ့သည်။
အလားတူ တပ်မတော်(ကြည်း) အမှတ်(၁)အရာခံနှင့် အကြပ်ကြီးသင်ကျောင်းရှိ စစ်ရေးပြကွင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၅/၂၀၂၄) ဆင်းပွဲပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သယံဇာရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ဗထူးတပ်နယ်မှူး ဗိုလ်မှူးချုပ် နိုင်ဇော်ဦး၊ တပ်မတော်(ကြည်း) အမှတ်(၁)အရာခံနှင့် အကြပ်ကြီးသင်ကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး ကျော်သူလှိုင်နှင့် တပ်မတော်အရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းသား (၅၇၀)ဦး တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းဆင်းပွဲတွင် တပ်မတော်(ကြည်း) အမှတ်(၁) အရာခံနှင့် အကြပ်ကြီးသင်ကျောင်းမှ ကျောင်းအုပ်ကြီးက စံပြသင်တန်းသားဆု၊ စစ်ရေးပြထူးချွန်ဆု၊ လက်ဖြောင့်တပ်သားဆု၊ စစ်သည်တော်ကျင့်ဝတ်ဆု၊ မိုင်းကျွမ်းကျင်ဆု၊ တပ်စိပ်တိုက်ပွဲဆု၊ ချေမှုန်းရေးအကောင်းဆုနှင့် အိပ်ဆောင်ခင်းကျင်းမှု အကောင်းဆုံးဆု စသည့်သင်တန်းထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းမိန့်ခွန်း ပြောကြားခဲ့သည်။
မြို့နယ်(ပြန်/ဆက်)