ဖျာပုံ နိုဝင်ဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဖျာပုံခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အမျိုးသမီးများစွမ်းဆောင်ရည်မြှင့်တင်ရေး ပန်းအလှပြင်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
အခမ်းအနားသို့ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အမျိုးသမီးများစွမ်းဆောင်ရည်မြှင့်တင်ရေး ပန်းအလှပြင်သင်တန်းသို့ ဖျာပုံခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဦးနှင့်အဖွဲ့ဝင်များ၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းအေးနှင့်ဝန်ထမ်းများ၊ ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။ အဆိုပါပန်းအလှပြင်သင်တန်းသို့ မြို့နယ်အတွင်းရှိ သင်တန်းသူ (၂၀) ဦး တက်ရောက်ကြပြီး သင်တန်းဆရာမအဖြစ် ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ချယ်ရီရွှေက စားပွဲတင်ပန်းအနိမ့်ထိုးနည်း၊ ယက်တောင်ပုံပန်းအလှထိုးနည်း၊ တြိဂံပုံပန်းအလှထိုးနည်း၊ စက်ဝိုင်းပုံပန်းအလှထိုးနည်း၊ လက်ကိုင်ပန်းစည်းပြုလုပ်ခြင်း စသော အလှပန်းအမျိုးမျိုးပြုလုပ်နည်းများအား စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)