ကျွန်းစုမြို့နယ်အတွင်း ငှက်ဖျားအဖြစ်များသော ကျေးရွာများသို့ တာရှည်ခံဆေးစိမ်ခြင်ထောင်များ အခမဲ့ဖြန့်ဝေပေး
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ငှက်ဖျားအဖြစ်များသော ကျေးရွာများသို့ တာရှည်ခံဆေးစိမ်ခြင်ထောင်များကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကျွန်းရတနာခန်းမ၌ အဆိုပါကျေးရွာများ၏ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများထံ အခမဲ့ဖြန့်ဝေပေးခဲ့သည်။