ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို ညှိနှိုင်း အစည်းအဝေး အ.ထ.က-ပထက်ကျောင်း၌ ကျင်းပ

ကျွန်းစု နိုဝင်ဘာ ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ အ.ထ.က-ပထက်ကျောင်း အစည်းအဝေးခန်းမ၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်မြင့်မြင့်ခိုင်က ပွဲတော်ကျင်းပရခြင်းနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ချက်များ၊ ကာယ/ဉာဏပြိုင်ပွဲများတွင် ဆုချီးမြှင့်ရေးအစီအစဉ်များ၊ ဓာတ်ပုံပြပွဲ၊ ပြခန်းများနှင့် အခမ်းအနားပြင်ဆင်မှု အပိုင်းများဖွင့်ပွဲ အခမ်းအနားဆောင်ရွက်ရေးတို့ကို အကျယ်တဝင့်ဆွေးနွေးခြင်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းက ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးချပြရှင်းလင်းခြင်းနှင့် အ.ထ.က-ပထက်ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မေမြင့်လွင်က ကျောင်းအတွင်း ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး၊ လူမှုရေးဝန်ကြီး ဦးသက်နိုင်က ICT Game ပြိုင်ပွဲဆောင်ရွက်ထားရှိမှုနှင့် အခမ်းအနားအပြင်အဆင်ထားရှိမှုအား ကြည့်ရှု၍လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့​ကြောင်း သိရသည်။

ကျွန်းစု ပြန်/ဆက်