တောင်ကြီး နိုဝင်ဘာ ၃၀
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ်-တောင်ကြီး၊ ဆေးပညာပထမနှစ်သင်တန်းသို့ တက်ရောက်ခွင့်ရရှိသော ကျောင်းသား/ကျောင်းသူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီက တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ဆေးတက္ကသိုလ်-တောင်ကြီး Cherry Blossom Ballroom ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းမှ Semi-Virtual ဖြင့် ကြိုဆိုနှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံဆေးကောင်စီ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ ခင်မောင်အေးက ဆေးပညာရှင်များ သိရှိလိုက်နာရမည့် ဆေးပညာကျင့်ဝတ်နှင့်ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက် ဆေးတက္ကသိုလ်-တောင်ကြီး၊ ဆေးပညာပထမနှစ်သင်တန်းသို့ တက်ရောက်ခွင့်ရရှိသော ကျောင်းသား/ကျောင်းသူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဆေးတက္ကသိုလ်-တောင်ကြီး၊ ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာ လှဝင်းမြင့်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဆေးတက္ကသိုလ် - တောင်ကြီးမှ ဆောင်ရွက်ထားသည့် Activities မှတ်တမ်းဓာတ်ပုံများ၊ ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာ ပညာသင်ကြားနေမှု Video မှတ်တမ်းများကို ပြသခဲ့သည်။
ထို့နောက် ဆေးတက္ကသိုလ်-တောင်ကြီး၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/ဌာန/ဌာနမှူးများနှင့် မိတ်ဆက်ပေးပြီး ဆေးပညာပထမနှစ်သင်တန်း ဌာနမှူးများကိုယ်စား ပါမောက္ခဒေါက်တာ ဇော်ဇော်ကလည်းကောင်း၊ ဆေးပညာဒုတိယနှစ်သင်တန်း ဌာနမှူးများကိုယ်စား ပါမောက္ခဒေါက်တာ ချိုချိုမြင့်ကလည်းကောင်း၊ ဆေးပညာတတိယနှစ်သင်တန်း ဌာနမှူးများကိုယ်စား ပါမောက္ခဒေါက်တာ ထွန်းလင်းထွန်းကလည်းကောင်း၊ ဆေးပညာစတုတ္ထနှစ်သင်တန်း ဌာနမှူးများကိုယ်စား ပါမောက္ခဒေါက်တာ အောင်ကျော်သူတို့က အသီးသီးကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဆေးတက္ကသိုလ်-တောင်ကြီး၊ ဒုတိယဌာနမှူး (စီမံ/ဘဏ္ဍာ) ဒေါ်မြမြမူ တက္ကသိုလ်စည်းမျဉ်း၊ စည်းကမ်းများနှင့် စာမေးပွဲ စည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့၍ စာကြည့်တိုက်မှူး ဦးဝေမောင်က စာကြည့်တိုက်အကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)