နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ရေဆင်း(၁)စပ်မျိုးနေကြာ စိုက်ပျိုးနေမှု၊ မျိုးစေ့ထုတ်လုပ်ငန်းဆောင်ရွက်နေမှုနှင့် နေပြည်တော် ရေပန်းဥယျာဉ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် သန့်ရှင်းသာယာလှပရေးလုပ်ငန်း ဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေး

နေပြည်တော် နိုဝင်ဘာ ၃၀

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ဇမ္ဗူသီရီမြို့နယ် ဂုဏ်မင်းအင်းကျေးရွာတွင် ရေဆင်းစပ်မျိုးနေကြာစိုက်ပျိုးနေမှု၊ ဒက္ခိဏသီရိမြို့နယ် ချိုင်းကျေးရွာရှိ ဂရိတ်ဝေါလ်တူမောရိုး မျိုးစေ့ထုတ်စိုက်ပျိုးရေး ကုမ္ပဏီလီမိတက်မှ မျိုးစေ့ထုတ်လုပ်နေမှုနှင့် နေပြည်တော်ရေပန်းဥယျာဉ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ဥယျာဉ်အတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇမ္ဗူသီရီမြို့နယ် ဂုဏ်မင်းအင်းကျေးရွာ ကွင်းအမှတ် (၁၆၅၄) တောင်သူ ဦးအောင်စိုး၏ လယ်ယာမြေတွင် နေပြည်တော်စက်မှု လယ်ယာဦးစီးဌာနမှ  လယ်ယာထွန်းစက်နောက်ဆွဲ အစေ့ချကိရိယာများဖြင့် ရေဆင်း(၁)စပ်မျိုး နေကြာ  (၁၅) ဧက စိုက်ပျိုးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဇမ္ဗူသီရီမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး၊ သီးနှံစိုက်စွမ်းအားတိုးတက်ရေး၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် မျိုးကောင်းမျိုးသန့်များ အသုံးပြုရေးတို့ကို မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ်၊ ချိုင်းကျေးရွာအနီးရှိ ဂရိတ်ဝေါလ်တူမောရိုး မျိုးစေ့ထုတ်စိုက်ပျိုးရေးကုမ္ပဏီလီမိတက်သို့ရောက်ရှိပြီး စက်ရုံအတွင်း GW-11 မျိုးစပါးသန့်စင်ခြင်းနှင့် မျိုးစပါးအိတ် ထည့်သွင်းချုပ်လုပ်နေမှုကို ကြည့်ရှုအားပေးရာ တာဝန်ရှိသူများက မျိုးစေ့ထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့် စပါးမျိုးများကို တောင်သူများအား ဖြန့်ဖြူးပေးနိုင်ရေး၊ သီးနှံစိုက်စွမ်းအားတိုးတက်ရေး၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်ရေပန်းဥယျာဉ်တွင် အများပြည်သူများ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ အနားယူအပန်းဖြေ နိုင်စေရေးအတွက် ရေပန်းဥယျာဉ်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ ဥယျာဉ်အတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)