ရန်ကုန် နိုဝင်ဘာ ၃၀
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်)တွင် မြန်မာနိုင်ငံကွန်ပျူတာဝါသနာရှင်အသင်းနှင့် ပူးပေါင်း၍ လူငယ်နှင့်နည်းပညာဆိုင်ရာ အသိပညာမျှဝေခြင်းအခမ်းအနားကို နိုဝင်ဘာ ၂၈ ရက်နေ့ နံနက် ၉ နာရီတွင် အဆိုပါဒီဂရီကောလိပ် (ရန်ကုန်) ၌ ကျင်းပရာ မြန်မာနိုင်ငံကွန်ပျူတာဝါသနာရှင်အသင်းဥက္ကဋ္ဌ ဦးဇော်မင်းဦးက Youth and Technology ခေါင်းစဥ်ဖြင့်လည်းကောင်း မြန်မာနိုင်ငံကွန်ပျူတာဝါသနာရှင်အသင်း အတွင်းရေးမှူး ဦးဌေးလင်းYouth and Information Security ခေါင်းစဥ်ဖြင့်လည်ကောင်း၊ မြန်မာနိုင်ငံကွန်ပျူတာဝါသနာရှင်အသင်းမှ အလုပ်အမှုဆောင်များဖြစ်ကြတဲ့ ဒေါ်ချစ်အိမ်သူနှင့်ဒေါ်ပန်းအိဖြူတို့ Social Media Ethics ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီး ဟောပြောကြသည်။
ထိုနောက် မြန်မာနိုင်ငံကွန်ပျူတာဝါသနာရှင်အသင်းမှ တာဝန်ရှိသူများက ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) ကျောင်းသို့ အမှတ်တရလက်ဆောင် ပေးအပ်ပြီး ကျောင်းမှလာရောက်ဟောပြောသည့် ဆရာ/ ဆရာမများအား မေတ္တာလက်ဆောင်များ ပေးအပ်ကြသည်။
အဆိုပါဟောပြောပွဲသို့ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) ကျောင်းအုပ်ကြီး ဒုတိယညွှန်ကြားရေးမှူးချုပ် တာဝန်ရှိသူများ၊ ဆရာ/ဆရာမ ၁၀၀ ခန့်နှင့် ကျောင်းသား/သူ ၁၂၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။
အောင်မြင့်(ပြန်/ဆက်)