ပေါင်းတည်၌ ဖြစ်ထွန်းအောင်မြင်လျက်ရှိသော မတ်ပဲစိုက်ခင်းများနှင့် သဘာဝမြေသြဇာပင်များအား ကွင်းဆင်းကြည့်ရှုအားပေး

ပေါင်းတည် ဇန်နဝါရီ ၁၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဖြစ်ထွန်းအောင်မြင်လျက်ရှိသော မတ်ပဲစိုက်ခင်းများနှင့်အတူ သဘာဝမြေသြဇာပင်များအား မြို့နယ်စိုက်ပျိုးမှုကြီကြပ်ရေးအဖွဲ့များက ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

ပေါင်းတည်မြို့နယ်၊ ကြူတောကန်ကျေးရွာအုပ်စုရှိ ကြူတောကန်၊ နတ်ပုတီးနှင့် ထန်းသုံးခွကျေးရွာ၊ ဘိုးသာအောင်ကုန်းကျေးရွာအုပ်စုရှိ ကျောင်းကုန်း၊ စခန်းကြီး၊ ညောင်ပင်ကုန်းနှင့်ကင်ပွန်းခြုံကျေးရွာ၊ မကြီးပင်ကျေးရွာအုပ်စုရှိ မကြီးပင်၊ ကုက္ကိုကုန်း၊ ပေါက်တန်းကျေးရွာများရှိ ဖြစ်ထွန်းအောင်မြင်လျက်ရှိသော တောင်သူများ၏ TBL-9 မတ်ပဲ စိုက်ခင်းများနှင့် သဘာဝမြေသြဇာအဖြစ်အသုံးပြုရန် မတ်ပဲစိုက်ခင်းများ၏ ပတ်လည်တွင် စိုက်ပျိုးထားသော ပိုက်ဆံလျှော်ပင်များအား ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီအဖွဲ့မှ မြို့နယ်မြေစာရင်းဦးစီးမှူးဦးမျိုးမင်းမောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်မျိုးမင်းဦးဆောင်သောအဖွဲ့သည် လုပ်ငန်းခွင်အတွင်းရှိ တောင်သူများနှင့်တွေ့ဆုံကာ စိုက်ခင်းများ၏ အခြေအနေနှင့်ပတ်သက်၍ အသိပညာများမျှဝေဆွေးနွေးကာ အားပေးစကားများပြောကြားခဲ့​ကြကြောင်း သိရသည်။

ရွှေသား(ပြန်/ဆက်)