ခိုလမ်မြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် တရားမဝင်သစ်ထုတ်ယူမှုလျော့နည်းပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ခိုလမ် ဇန်နဝါရီ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် တရားမဝင်သစ်ထုတ်ယူမှုလျော့နည်းပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉)နာရီအချိန်က တုန်ဟုန်းကျေးရွာအုပ်စု၊ ရွာမကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့​ပါသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ခိုလမ်မြို့ အုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခိုလမ်မြို့ သစ်တောဦးစီးဌာန၊ တောအုပ် ဦးငြိမ်းချမ်းမှ တောင်ယာမီးရှို့ခြင်းမပြုရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ တရားမဝင်သစ်ထုတ်ယူမှုမဖြစ်ပေါ်စေရေးနှင့် မီးခိုးမြူငွေ့အကြောင်းအရာများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော ဒေသခံပြည်သူ (၃၀)ဦးခန့်တို့မှ သိရှိလိုသည့် အကြောင်းအရာများကို  မေးမြန်းရာ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ခိုလမ်(ပြန်/ဆက်)