မုံရွာမြို့၌ ကမ္ဘာ့စားနပ် ရိက္ခာအစီအစဥ်ဖြင့် အခြေခံစားနပ်ရိက္ခာ(၄)မျိိုး ဆန်၊ဆီ၊ဆား၊ပဲ နှင့် အာဟာရမုန့်များ (၃) လ တစ်ကြိမ် ပေးအပ်မည်

မုံရွာ ဇန်နဝါရီ ၁၃

ကမ္ဘာ့စားနပ် ရိက္ခာအစီအစဥ်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များမှ အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာ၍ မုံရွာမြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းနေထိုင်သည့် မိသားစုများအား စားသောက်နေထိုင်ရေး အဆင်ပြေစေရေးအတွက်ရည်ရွယ်ပြီး အခြေခံစားနပ်ရိက္ခာ (၄) မျိုး ဆန်၊ ဆီ၊ ဆား၊ ပဲ နှင့် အာဟာရမုန့်များ (၃) လတစ်ကြိမ်ပေးအပ်မည်ဖြစ်ရာ ယနေ့နံနက်ပိုင်းကစတင်ပြီး မုံရွာမြို့ပေါ်ရပ်ကွက်များရှိ အိမ်ငှါး၊ ဘာသာရေးအဆောက်အဦး၊ ဆွေမျိုး၊ မိတ်ဆွေအိမ်များတွင် နေထိုင်ကြသည့် နေရပ်စွန့်ခွာမိသားစုများ မကျန်ရှိစေးရေးနှင့် မသက်ဆိုင်သူများထံသို့ မရောက်ရှိစေရေးအတွက် အနာဂတ်အလင်းတန်း (ရောင်) လူငယ်ဖွံ့ဖြိုးရေးအဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းအဖွဲ့တို့မှ ဝန်ထမ်းများပူးပေါင်းကာ အိမ်ထောင်စု လူဦးရေးစာရင်းများကို စနစ်တကျကောက်ခံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ အိမ်ထောင်စုစာရင်းများကောက်ခံခြင်းကို ဇန်နဝါရီလ (၁၃) ရက်နေ့မှစတင်ပြီး ဇန်နဝါရီလ ၁၆ ရက်နေ့အထိ မုံရွာမြို့ပေါ်ရပ်ကွက်များရှိ သတ်မှတ်ထားသည့် ရုံးကြီးလူငယ်လူမှုကူညီရေးအသင်း၊ ခရစ်ယာန်ကျောင်း၊ ဘုန်းစိုးဘုန်းကြီးကျောင်း၊ တော်ဝင်ဘုံစံဘုန်းကြီးကျောင်းတို့တွင် လက်ခံကောက်ယူပေးပြီး ဇန်နဝါရီ ၂၁ ရက်နေ့တွင် သတ်မှတ်နေရာများတွင် ပေးအပ်လှူဒါန်းမည်ဖြစ်ကြောင်းနှင့် အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအပြင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များမှ နေရပ်စွန့်ခွာမိသားစုများအားလည်း သက်ဆိုင်ရာတိုင်းဒေသကြီးအတွင်း သတ်မှတ်ထားသည့် နေရာများတွင် ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)