ကျောက်တလုံးကြီး ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် (Youth Club) တို့ပူးပေါင်း၍ လူငယ်အသိမြင့်မားရေး၊ ဘဝအောင်မြင်ရေးအတွက် ကိုယ်ပိုင်လား၊ အဌားလား၊ ကိုယ်တိုင်တည်ဆောက်ယူမှာလား စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် (၁၁) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်သန္တာဝင်းကစာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားခဲ့ပြီး “ကိုယ်ပိုင်လား၊ အဌားလား၊ ကိုယ်တိုင် တည်ဆောက်ယူမှာလား” စာအုပ်မှ စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားထားသည့် “ပညာတတ်ဖို့စာဖတ်ရမည်” အကြောင်းအရာများကိုလည်းကောင်း၊ ကျောက်တလုံးကြီးမြို့ အ.ထ.က မှ အထက်တန်းပြ ဆရာဦးနန္ဒအောင်က စာရေးဆရာ ဖေမြင့် ရေးသားထားသည့် “အောင်မြင်မှုအတွက်အရေးကြီးသော အရင်းအနှီးတစ်ရပ်” အကြောင်းအရာများကိုလည်းကောင်း၊ ဆွေးနွေးခဲ့ပြီးတက်ရောက်လာသူ(Youth Club) အဖွဲ့ဝင်များက မိမိတို့သိရှိလိုသည်များကို မေးမြန်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တလုံးကြီးမြို့ရုံးအနေဖြင့် စာပေဝါသနာရှင်များ တစ်နှင့်တစ်ဦးရင်းနှီးမှုရရှိစေရန်၊ အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စကားပြောစွမ်းရည်တိုးတက်လာစေရန်နှင့် အထွေထွေဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို လစဉ်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
သန္တာ