တောင်တွင်းကြီးမြို့နယ်တွင် (၁၁) ကြိမ်မြောက် ပြာသိုလပြည့်နေ့ အမေများနေ့ အကြို ဓမ္မသဘင်အခမ်းအနား ဆက်လက်ကျင်းပ

တောင်တွင်းကြီး ဇန်နဝါရီ ၁၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် (၁၁) ကြိမ်မြောက် ပြာသိုလပြည့်နေ့ အမေများနေ့ အထိမ်းအမှတ်အကြို ဓမ္မသဘင် အခမ်းအနားကို ယမန်နေ့ နေလယ် ()နာရီအချိန်က ဆူးကောက်ကြီးအုပ်စု၊ ချင်းကုန်းကျေးရွာ ရွာဦးဘုန်းတော်ကြီး ကျောင်းဝန်းအတွင်း၌ ဆက်လက်ကျင်းပခဲ့သည်။

အခမ်းအနားတွင် တောင်တွင်းကြီးမြို့နယ်  ရွှေမောဓော ပရိယတ္တိစာသင်တိုက်ကြီး၏  ဦးစီးပဓာန နာယက၊ သာသနာ့ ဓဇ ဓမ္မာစရိယ၊  အရှင်ကဝိန္ဒ ဆရာတော်အရှင်သူ​မြတ်ထံမှ သေခြင်း မကြောက် ရဲရဲတောက်ခေါင်းစဥ်ဖြင့် တရားတော်ကို ဟောကြားချီးမြှင့်တော်မှုခဲ့ပြီး တရားပွဲအပြီးတွင် ဆရာတော်အရှင်သူမြတ်ဟောကြားသော တရားတော်မှ မေးခွန်းပုစ္ဆာများ မေးမြန်းခဲ့ရာ ဖြေဆိုနိုင်သူများအား အမေ့များနေ့ကျင်းပရေး ကော်မတီအဖွဲ့ဝင်များနှင့် တောင်တွင်းကြီးမြို့ ဘက်စုံပရဟိတ အကျိုးတော်ဆောင် ဦးဝင်းလေးတို့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့သည်။

နောင်နောင် (ဗိဿနိုးမြေ)