ကျိုင်းတုံမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၅) ဖွင့်လှစ်

ကျိုင်းတုံ ဇန်နဝါရီ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက ကတ်တောင်ကျေးရွာ နယ်မြေမီးသတ်စခန်းတွင်  ကျင်းပပြုလုပ်ခဲ့သည်။

ဖွင့်ပွဲတွင် ကျိုင်းတုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူက အမှာစကားပြောကြားပြီး ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်က သင်တန်းသားများအား အရန်မီးသတ်တူညီဝတ်စုံများ ပေးအပ်ခဲ့သည်။ အဆိုပါ သင်တန်းသို့ သင်တန်းသား (၅၀) ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ဇန်နဝါရီလ ၁၃ ရက်မှ ဖေဖော်ဝါရီလ ၇ ရက်အထိဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)