ပြည်မြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်အား အေးချမ်းပျော်ရွှင်စွာ ဖွင့်လှစ်ဆင်နွှဲ
ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် ၁၃၈၇ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ယနေ့နံနက် ၉နာရီကစ၍ မြို့အလယ် ဗိုလ်ချုပ်ကျောက်ရုပ်အနီး၌ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်တို့ဖြင့် အေးချမ်းပျော်ရွှင် စည်ကားသိုက်မြိုက်စွာဆင်နွှဲလျက်ရှိသည်။